Tuesday, May 29, 2018

ယနေ့ မဟော်သဓာကျောင်းတော်ကြီးသို့သားသားမီးမီးများအားကိုယ်တိုင်သွားရောက်အပ်နှံ

ယနေ့ မဟော်သဓာကျောင်းတော်ကြီးသို့သားသားမီးမီးများအားကိုယ်တိုင်သွားရောက်အပ်နှံနေပါပြီ*************






မြောင်းတကာဓမ္မစကူးလ်ဖွ့င်ပွဲမှတ်တမ်း


မြောင်းတကာ ဓမ္မစကူလ်း ဖွင့်ပွဲ/ဆုချီးမြင့်ပွဲ/မဟော်သဓာဂုဏ်ပြုပွဲ

ယနေ့၂၉/၅/၂၀၁၈ ၁၃၈၀ခုနှစ် နယုန်လပြည့် အင်္ဂါနေ့မှာ မြောင်းတကာဓမ္မစကူးလ်ဆုချီးမြှင့်ပွဲနှင့်ဓမ္မစကူးလ်ဖွင့်ပွဲ မဟော်သဓာဝင်ခွင့်ရကျောင်းသား/သူများအားဂုဏ်ပြုပွဲကိုကျင်းပကြပါသည်။
ထိုအခမ်းအနားသို့အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟ)ိုဦးဆောင်ဆရာတော် မြနန်းဆရာတော်နှင့် ရန်ကုန်မြို့မှဆရာတော်များ တိုက်ကြီးမြို့မှဓမ္မစကူးလ်ဦးဆောင်ဆရာတော်များ သရက်ချောင်းဓမ္မစကူးလ် ဓမ္မစကူးလ်ဆရာဆရာမများ ဖူးကြီးဓမ္မစကူးလ် မိဂဒါဝုန်ဓမ္မစကူးလ် ရိုးဝဓမ္မစကူးလ်မှဦးဆောင်ဆရာတော်များနှင့်ဓမ္မစကူးလ်ဆရာဆရာမများ မြောင်းတကာဓမ္မစကူးလ်ကော်မတီနာယကကြီးများနှင့်ဆရာဆရာမများ ရွှေတံဆိပ်ဆုရှင် ကြည်ဖြူခင်နှင့်မဟော်သဓာဝင်ခွင့်အောင်မြင်သူကျောင်းသား/သူများနှင့်မိဘများစုံညီစွာတက်ရောက်အားပေးချီးမြှောက်ကြပြီးအခမ်းအနားအစီအစဉ်တိုင်း ဆုများပေးခြင်း ဂုဏ်ပြုလွှာများပေးခြင်း ဆရာတော်များမှသြဝါဒများအလှည့်ကျပေးကြပါသည်။
မြောင်းတကာဆရာတော်
  29/5/2018
o












Sunday, May 27, 2018

မြောင်းတကာဓမ္မစကူးလ်ဖွင့်ပွဲ ဆုချီးမြှင့်ပွဲနှင့်မဟော်သဓာဝင်ခွင့်အောင်မြင်သူကျောင်းသား/သူများအားဂုဏ်ပြုချီင်္းမြှင့်ပွဲ


၂၉/၅/၂၀၁၈ အင်္ဂါနေ့တွင် မြောင်းတကာဓမ္မစကူးလ်ဖွင့်ပွဲ ဆုချီးမြှင့်ပွဲနှင့်မဟော်သဓာဝင်ခွင့်အောင်မြင်သူကျောင်းသား/သူများအားဂုဏ်ပြုချီင်္းမြှင့်ပွဲကို ၁၃၈၀ခုနှစ်နယုန်လပြည့်နေ့ (၂၉/၅/၂၀၁၈)အင်္ဂါနေ့မနက(်၉းနာရ)ီအချိန်တွင်ကျင်းပပါမည်။
မှော်ဘီမြို့နယ်နှင့်တိုက်ကြီးမြို့နယ်အတွင်းမှဓမ္မစကူးလ်ဦးဆောင်ဆရာတော်များနှင့်ဓမ္မစကူးလ်ဆရာ/ဆရာမများကြွရောက်အားပေးချီးမြှောက်ပေးနိုင်ကြပါရန်ဖိတ်ကြားအပ်ပါသည်။
မြောင်းတကာဆရာတော်
     28/5/2018





Saturday, May 26, 2018

ဗုဒ္ဓဓမ္မပရဟိတ ဖေါင်ဒေးရှင်းနှစ်ပတ်လည်စုံညီပွဲ

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း နှစ်ပက်လည်စုံပွဲတော်သို့ တိုင်းနဲ့ပြည်နယ်အသီးသီးမှဆရာတော်များကြွရောက် ယနေ့ည၇းနာရီအချိန်တွင်တွေ့ဆုံပွဲကျင်းပလျှက်ရှိပါသည်။



Friday, May 25, 2018

မြောင်းတကာဓမ္မစကူလ်း2018/2019ပညာသင်နှစ်ကျောင်းအပ်လက်ခံ

ယနေ့၂၅/၅/၂၀၁၈(သောကြာနေ့)မှစ၍ (၂၅/၂၆/၂၇/)(၃)ရက်တိုင်တိုင် ၂၀၁၈/၂၀၁၉ ဓမ္မစကူးလ်ပညာသင်နှစ်အတွက်ကျောင်းသားများလက်ခံနေပါပြီ*****************************
မြောင်းတကာဓမ္မစကူးလ်သည် ဖွင့်လှစ်လာခဲ့သည်မှာ (၄)နှစ်ကျော်လို့(၅)နှစ်တာ ကာလအတွင်းသို့ရောက်ရှိလာခဲ့ပေပြီ=
(ပထမနှစ်)၂၀၁၄/၂၀၁၅ ပညာသင်နှစ် ကျောင်းသားသူ၂၆၇ဦး။
(ဒုတိယနှစ်)၂၀၁၅/၂၀၁၆ပညာသင်နှစ် ကျောင်းသားသူ ၃၁၃ဦး။
(တတိယနှစ်)၂၀၁၆/၂၀၁၇ပညာသင်နှစ်ကျောင်းသားသူ၃၂၀ဦး။
(စတုထ္တနှစ်)၂၀၁၇/၂၀၁၈ပညာသင်နှစ် ကျောင်းသားသူ၄၄၈ဦးထိ မျိုးဆက်သစ်လေးများ၏ နှလုံးသားဝယ်ဘုရားတည်ပေးနိုင်ခဲ့ပေပြီ****ယခုလိုနှစ်စဉ်မပျက် ဓမ္မအမွေတွေ ဖြန့်ဝေနိုင်ခဲ့ခြင်းသည် မြောင်းတကာဓမ္မစကူးလ်ဆရာ/ဆရာမများ၏စည်းလုံးညီညွတ်မှု*** မြောင်းတကာဓမ္မစကူးလ်ကော်မတီများ၏ကြိုးစားအားထုတ်မှု***အလှူ ရှင်များ၏ပံ့ပိုးမှု***ကျောင်းသားမိဘများ၏ဝိုင်းဝန်းအားပေးမှု***တွေကြောင့်မြောင်းတကာဓမ္မစကူးလ်သည် (၄)နှစ်ကျော်လာလို့(၅)နှစ်တာကာလသို့ရောက်ရှိရပ်တည်နိုင်ခဲ့ပေပြီ********
ဓမ္မစကူးလ်ကျောင်းတစ်ကျောင်း ရေရှည်ရပ်တည်နိုင်ဖို့အတွက် ကော်မတီဖွဲ့စည်းတဲ့အခါမှာ***နေရာလိုချင်တဲ့သူထက်**အလုပ်လုပ်မယ့်သူ***ကိုဦးစားပေးရွေးချယ်နိုင်ဖို့သည် အဓိကအခန်းကဏ္ဍ၌ပါဝင်ပေသည် ။
မြောင်းတကာဓမ္မစကူးလ်သည် ရွေးချယ်မှု မှန်ကန်ခဲ့သည်ဟုသုံးသပ်ယုံကြည်မိပါသည်။
မြောင်းတကာဆရာတော်
25/5/2018